ညောင်ဦး မေ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်တွင်းဘုရားဖူးဧည့်သည်များ ပုဂံခရီးစဉ်ဒေသ လှည့်လည်ပြသရေးဆိုင်ရာလုပ်ငန်းခွင် အသိပညာပေးရှင်းလင်းပွဲ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရွှေစည်းခုံဘုရားမြောက်ဘက်၊ ရွှေဥမင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်အောင်မှ ပြည်တွင်းဘုရားဖူးဧည့်သည်များ ပုဂံခရီးစဉ်ဒေသလှည့်လည်ပြသရေးဆိုင်ရာ လုပ်ငန်းခွင်အသိပညာပေးရှင်းလင်းပွဲ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဦးသန်းဌေးက ရေရှည်တည်တံ့ခိုင်မြဲသော ပုဂံဒေသခရီးစဉ်ဒေသဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ ပုဂံခရီးစဉ်ဒေသ ရှိ ယဉ်ကျေးမှုအမွေအနှစ်များ တန်ဖိုးထားလာစေရန်နှင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပေါ်လာစေရေး ရှင်းလင်းပြောကြားသည်။ အဆိုပါ ပြည်တွင်းဘုရားဖူး ဧည့်သည်များ ပုဂံခရီးစဉ်ဒေသ လှည့်လည်ပြသရေးဆိုင်ရာ လုပ်ငန်းခွင်အသိပညာပေးရှင်းလင်းပွဲ သင်တန်းဆင်းခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပြည်ပဧည့်လမ်းညွှန်များ၊ ပြည်တွင်း ဧည်လမ်းညွှန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်းကြောင်း သိရသည်။
ကိုထိန်၊KPD