တမူး မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ မွန်းလွဲ (၁) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မူရင်းစာရေးဆရာ ဂျိုရှင်းယောင်း၊ ဘက်ယောင်းချန်း ရေးသားပြီး စာရေးဆရာ ခင်စုစုစံနှင့် မြနှင်းရည်ရှိန် မြန်မာပြန်ဆိုထားသည့် "နှလုံးသားဖြင့်နားဆင်ပါ" စာအုပ်မှ ရှင်သန်လာခဲ့သည့် နေ့ရက်များခေါင်စဉ် အကြောင်းအရာဖြင့် ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ က တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ တမူးမြို့စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တမူးခရိုင်ရုံးမှ ပြည်သူများ စာဖတ်ရှု့သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အမြင်သစ်များ မျှဝေတတ်စေရန်၊ စာအုပ်စာပေမှ ရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
ရတနာ