မအူပင် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဆောင်ရွက်သည်။
အခမ်းအနားသို့ ခရိုင်စီမံကောင်စီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကောင်စီဥက္ကဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မအူပင်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်များ၊ စီမံနှင့်သင်တန်းဌာနမှူးများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ အနယ်နယ်ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားပြီး ထူးချွန်အောင်မြင်ခဲ့သည့် နည်းပြ/သရုပ်ပြ ဆရာ/ဆရာမများအနေဖြင့် ဆက်လက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးသည့် တာဝန်အားထမ်းဆောင်ကြရန် ပြောကြားပါသည်။
ဆက်လက်၍ ခရိုင်စီမံကောင်စီဥက္ကဋ္ဌ ဦးညီညီထွေးက မအူပင်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်မည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ၎င်းနောက် ဆရာ/ ဆရာမ အသစ်များအား မအူပင်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် မိတ်ဆက်ခြင်း ဆောင်ရွက်ပြီး ဆရာ/ ဆရာမအသစ် (၃၁)ဦးက မိမိတာဝန်ယူမည့် ဘာသာရပ်အလိုက် ပြန်လည်မိတ်ဆက် ကြကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)