ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

သန်လျင်   မေ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ နည်းပြ/ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင် များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီအချိန်က  ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ လူမှုရေးဝန်ကြီး ဦးအောင်၀င်းသိန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် "ယနေ့ ခေတ်တွင် ပညာရေးကို နိုင်ငံ အကြီးအကဲခေါင်းဆောင်များက အလေးထားဂရုတစိုက် အားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်း ပညာသင်ယူ လေ့လာနိုင်စေရန်နှင့် အရည်အသွေး ရှိသော ပညာရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်အဖြစ် ထားရှိခြင်းသည် နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည်မရှိမဖြစ် အလွန်လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာနေ၀င်းဦးမှ ကျေးဇူးတင်စကား ပြောကြားရာတွင် ရန်ကုန်အရှေပိုင်း တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ သစ်လွင် ဆရာ၊ဆရာမ ၂၈ ဦးကိုခန့်အပ်ခဲ့ပါကြောင်း၊ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံး ရေးသည် ကာယကံရှင်နှင့် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးပါကြောင်း၊ ယခုတက္ကသိုလ်နှင့် ကောလိပ်ကျောင်း တွေကိုလည်း ၁၂-၅-၂၀၂၂ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်၀င်တန်းအောင် ပထမနှစ် ကျောင်းသူကျောင်းသားများ၏ ပထမနှစ်၀က်နှင့် ၂၀၁၉-၂၀၂၀ပြည့်နှစ် တက္ကသိုလ်၀င်တန်းအောင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်းပထမနှစ် သင်တန်းများ၏ ဒုတိယနှစ်၀က် သင်တန်းများနှင့်၂၀၂၁-၂၀၂၂ နေ့သင်တန်းများ၏ ပဉ္စမနှစ် ဥပဒေ၊ ဂုဏ်ထူးတန်း တတိယနှစ်၊ မဟာအရည်အချင်းစစ် သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ပြန်လည် ဖွင့်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်နေခဲ့သည့် ပညာရေးကဏ္ဍကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံး တက်ညီ လက်ညီ ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကြွရောက် ချီးမြင့်ပေးသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ စီမံသင်တန်းအင်ဂျင်နီယာ ဌာနမှူးများ၊ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်များမှ ပါမောက္ခ (ဌာနမှူး)များနှင့် အသစ်ခန့်နည်းပြ/ ဆရာ ဆရာမများအားက မိတ်ဆက်စကားများ ပြောကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

ခရိုင် ပြန်/ဆက်