ကလော မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဏာရေးနှစ်တွင်အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းက စီမံကိန်းကျေးရွာများရွေးချယ်ရာ၌အခြေခံရမည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ရှင်း လင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ ၁ ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ၁၅ ရွာတို့ကို ရွေးချယ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်မည်ဖြစ်ပြီး တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေနိုင်ရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ဖြစ်ကြောင်း၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက်အိမ်ထောင်စုများအနေဖြင့် စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများမှာ စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်ကျောင်းလုပ်ငန်းပြုလုပ်နိုင်ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)