တပ်ကုန်းမြို့၌  စာဖြေ သံဃာများ/သီလရှင်များအား အနော်ရထာရပ်ကွက် စေတနာရှင်ပြည် သူများက ဆွမ်းဆက်ကပ်လှူဒါန်း

တပ်ကုန်း မေ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့် ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီး အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာ ပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊အစိုးရဓမ္မာစရိယစာမေးပွဲ (ဓမ္မသင်္ဂဏီ-၂)ဘာသာရပ်တွင်  စာရင်းရှိ စာဖြေ ရဟန်း၊သာမဏေ၊သီလရှင်ပေါင်း(၂၁၁)ပါး၊ ဝင်ရောက်ဖြေဆို  ရဟန်း၊သာမဏေ၊ သီလရှင်ပေါင်း(၁၆၆)ပါး၊ ပျက်ကွက်ရဟန်း၊သာမဏေ၊သီလရှင်ပေါင်း(၄၅)ပါး၊ ဖြေဆိုသည့်ရာခိုင် နှုန်း(၇၈.၆)ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလှူ ရှင်များက ရက်အလိုက် ဆွမ်း၊ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်