လိပ်သို မေ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နှစ်ရှည်သီးနှံတစ်မျိုး ဖြစ်သော လိုင်ချီးသီးများ ရင့်မှည့်လာ၍ ဒေသခံ သီးနှံခြံပိုင်ရှင်များက ဆွတ်ခူးရောင်းချလျက်ရှိရာ အလုံးတစ်ရာပါတစ်ထုတ်ကို ကျပ် ၂၀၀၀မှ ကျပ် ၃၅၀၀ အထိ စျေးရရှိလျက်ရှိပြီး တောင်ငူမြို့သို့ အဓိကပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါ ရာသီဥတုအခြေအနေအရ မိုးရွာသွန်းလာသောကြောင့် အချို့လိုင်ချီးသီးများမှာ အပင်ပေါ်၌ ပင်အက်ကွဲမှုဖြစ်ပေါ်လာ၍ စျေးနှုန်းကျဆင်းလာဖွယ်ရှိသော်လည်း မော်တော်ဆိုင်ကယ်များဖြင့် အပင်ခြေရင်းအထိ နေ့စဉ်လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဒေသအတွင်းဖွံ့ဖြိုးရေးနည်းပညာပေးရက်တို သင်တန်းများ တက်ရောက်ထားသော ခြံပိုင်ရှင်များက အသီးအတိုင်းရောင်းချခြင်းအပြင် လိုင်ချီးဝိုင်များထုတ်လုပ်ရောင်းချလာနိုင်သောကြောင့် လေလွင့်ပျက်ဆီးဆုံးရှုံးမှုများ လျော့နည်းလာခဲ့ကြောင်း ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။
စောဝေါ်ကွောထူး