လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် (Grade-5)သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့် မူလတန်းကို ခြုံငုံပြီး အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းတွင် လမ်းညွှန်ချက်များနှင့်အညီ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။