မြစ်သားမြိုနယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

မြစ်သား မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကလေးများအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်သီတာအောင်က နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရန်၊ အနုပညာကို တန်ဖိုးထားတတ်စေရန်နှင့် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထိုနောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပေတောပရဟိတကျောင်းနှင့် မြို့မအနောက်ရပ်ကွက်ရှိ စာဖတ်ပရိသတ် (၁၈) ဉီးတို့က  ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကလေးငယ်များ၏ မိဘများ၊ စာဖတ်ပရိသတ်များ၊ အာဟာရအလှုရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)