မိုင်းခုတ်မြို့၌ စာဖတ်ပရိတ်သတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

မိုင်းခုတ် မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက် ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ လူငယ်၊ လူရွယ်များနှင့် စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲက နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်ငှားရမ်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစောင်အုပ်ပေါင်း(၂၀၀)ကို သယ်ဆောင်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ်များလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ်ကာလအတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက်  ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးကာ We Love Mong Khoke Facebook Page နှင့် မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)