သတင်းများ

ကမာရွတ်မြို့နယ်တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 11,2022
ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းမျာမှ ဆရာ၊ ဆရာမများအား Grade-5 သင်ရိုးသစ် သင်တန်းပါ သွင်ပြင် လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည် သဘောပေါက်စေရန်၊ Grade-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် Grade-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျ ဦးတည်ချက်များနှင့် အဓိက ဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း(၈:၀၀)နာရီအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူရေးရာအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
May 11,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
May 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5သင်ရိုးသစ် မြို့နယ်အဆင့်ဆင့် ပွားသင်တန်း ပင်းတယမြို့နယ်၌ ဖွင့်လှစ်သင်ကြား
May 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌၂ ၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းအား မေလ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆရာ/ ဆရာမများအား GRADE-5 သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များကို အသုံးချပုံများသိရှိစေရန်နှင့် GRADE-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျ ဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြောက်ဥက္ကလာပ မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 11,2022
ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေပညာ​ကျောင်းမျာမှ ဆရာ၊ ဆရာမများအား Grade-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက် စေရန်၊ Grade-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် Grade-5 သင်ရိုးသစ်မွမ်းမံသင်တန်း၏ ‌ ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ​ရေးမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ
May 11,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မြို့နယ်အတွင်း​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ​ကောင်းမွန်စွာ ​ဆောင်ရွက်နိုင်​ရေးနှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ​တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး လယ်ယာသားငါး ထုတ်ကုန် တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် မျိုးစေ့ပေး အပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ကန့်ဘလူခရိုင် စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက  Video Conferencing စနစ်ဖြင့်  တက်ရောက်ကြသည်။