မံစီ မေ ၁၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Physical Fitness Dance သင်တန်းလှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက လူငယ်များ ကိုယ်ကာယကြံ့ခိုင်ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်လာစေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနည်းစနစ်မှူး ဒေါ်သန္တာဦးက သင်တန်းဖွင့်လှစ်မည့် အစီအစဉ်များနှင့် သင်တန်းအတွက် လိုအပ်သည်များကို ရှင်းလင်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ (၁၂)ဦး တက်ရောက်ပြီး မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၄)ရက်ကြာ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမ (၂)ဦးက တာဝန်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)