စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် (Face to Face) သင်တန်းဖွင့်လှစ်

စဉ့်ကူး   မေ  ၁၁

မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade -5  သင်ရိုးသစ် မြို့နယ်အဆင့် (Face to Face) သင်တန်း ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ လေးရက်ကြာ ဖွင့်လှစ်သွားမည်ပြီး အခြေခံပညာရုံးချုပ်မှပို့ချသော သင်တန်းကိုတက်ရောက်ခဲ့သည့် မြို့နယ်အဆင့်နည်းပြ(၂၄)ဦးမှ ဦးဆောင်၍ ပို့ချပေးလျက်ရှိသည်။ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၃၅၉) ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)