သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ကျောင်းသန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
May 22,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် အမှတ် (၁) အခြေခံပညာကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက နေရာ (၃) နေရာခွဲ၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က သွားရောက်ကြည့်ရှုအားပေးသည်။
သရက်ချောင်းမြို့နယ်တွင် ဆင်းသုခ(RS) မျိုးသန့် မျိုးပွား မျိုးစေ့စပါးပေးအပ် ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
May 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆင်းသုခ (RS) မျိုးသန့် မျိုးပွား မျိုးစေ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၂ခုနှစ် ၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ပျော်ဘွယ်-နတ်မောက် ကားလမ်းဘေး မိုင်တိုင်အမှတ် (၃၁/၄)အနီး၊ စိုင်ကောင်းသစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၁) အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
May 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ​ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၈)မိုင်​ကျေးရွာအနီးရှိ သာဂရ-ကိုးပင် ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ရွှေသမင်းကာကွယ်တော၌ သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်သည်။
ရွှေဘိုမြို့ မဟာနန္ဒာကန်တော်ပတ်ဝန်းကျင်သာယာလှပရေး အရိပ်ရပင်များ စိုက်ပျိုးပွဲ ကျင်းပ
May 22,2022
ရွှေဘိုမြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုမျှတပြီး အပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကိုနားလည်မြတ်နိုးသည့် စိတ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီအကြိုအရိပ်ရသစ်ပင်များ စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက ရွှေဘိုမြို့ မဟာနန္ဒာကန်တော်ပတ်ဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ မျှတမှန်ကန်လာစေရန်နှင့် လူမှုစီးပွားရေးကို အထောက်အကူပြုသော ဂေဟစနစ်ဖြစ်လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ဖျာပုံမြို့ အမှတ် (၃)ရပ်ကွက်၊ အထက(၂)ကျောင်းဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
May 22,2022
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက် ၁၁ နာရီက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။