ရွှေဘိုမြို့ မဟာနန္ဒာကန်တော်ပတ်ဝန်းကျင်သာယာလှပရေး အရိပ်ရပင်များ စိုက်ပျိုးပွဲ ကျင်းပ

ရွှေဘို  မေ  ၂၂

ရွှေဘိုမြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုမျှတပြီး အပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကိုနားလည်မြတ်နိုးသည့် စိတ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီအကြိုအရိပ်ရသစ်ပင်များ စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက ရွှေဘိုမြို့ မဟာနန္ဒာကန်တော်ပတ်ဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ကျော်အောင် က တက်ရောက်လာသော ဌာနဆိုင်ရာ၊ ပြည်သူများထံ သစ်ပျိုးပင်များပေးအပ်ခဲ့ပြီး၊ သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပင်များအား မီးသတ်ကားဖြင့် ရေလောင်းပေးပြီး ဆက်လက်၍မီးသတ်တပ်ဖွဲ့မှ တစ်လသုံးကြိမ်ရေလောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ပေအမြင့်ထက် သစ်ပျိုးပင်များဖြစ်သည့် တမာ၊ စိန်ပန်း၊ ကုက္ကိုလ် စုစုပေါင်းသစ်မျိုးပင် (၁၀၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့်၊ လူထုဖြန့်ဒေသသစ်မျိုး (၂၁)မျိုး၊ ပျိုးပင်ပေါင်း (၃၀၀၀၀)ကျော် ပျိုးထောင်ထားရှိပြီးဖြစ်ရာ သတ်မှတ်နေရာများရွေးချယ်၍ ဆက်လက်ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)