သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချူပ် ဘဒ္ဒန္တဒေါက်တာသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းဆရာတော် ထေရ်ရှင်မြတ်အား ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်ကြည်ညိုဂုဏ်ပြု
May 22,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်ငြိမ်းအေးကျောင်းတိုက် သံသရာငြိမ်းအေးစတုမုခဇေယျ သိဒ္ဓိစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သော ဘဒ္ဒန္တဒေါက်တာသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းဆရာတော် ထေရ်ရှင်မြတ်အား ဂုဏ်ပြုပူဇော်ပွဲသို့ တက်ရောက်ကြည်ညို ဂုဏ်ပြုပူဇော်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် နေအိမ်များအမိုးလန်ပျက်စီးပြိုလဲ၍ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိ
May 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းအချိန် က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသောကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးပြိုလဲပြီး၊ သစ်ပင်ကျိုးကျသဖြင့် လူတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာတွင် လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား
May 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာတွင် ဦးမောင်ကြံ အသက်(၅၀)နှစ် နေအိမ်တွင် ယမန်နေ့နေလည် (၂) နာရီအချိန် က အိမ်ခေါင်သွပ်မိုးပေါ်တွင် တပ်ဆင်ထားသော ဆိုလာပြားမှ အပူလွန်ကဲပြီး ဝါယာလျော့ဖြစ်ကာ အိမ်မကြီးသို့ မီးကူးစက်မှုစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သော ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်
May 22,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ် ဖြစ်ပေါ်လာနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ် ညီညွှတ်မျှတ စေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုး များရရှိစေရေးတို့ကို ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အ.ထ.က (ရွှေလောင်း) ကျောင်းဆောင်သစ် တက်ရောက် ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု အ.ထ.က(ရွှေလောင်း) ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါကျောင်း၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
May 22,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တော သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်(၈) နာရီအချိန်က ဘူးသီးတောင်-မောင်တောသွားရာ လမ်းအကောက်ခွန်ကင်းစခန်းဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်း ပခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 22,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော် တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ရပ်စောက်မြို့နယ်၌ ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်
May 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။