သတင်းများ

ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် မြို့နေလူထုနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် မြို့နေလူထုနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ဇီးဖြူချောင်းကျေးရွာလမ်းတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
​ရွှေဘိုမြို့ အထက (၁) ​ကျောင်းသန့်ရှင်းသာယာလှပ​ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 21,2022
စ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့၊ အထက (၁) တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့ အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့်
မိုင်းပျဉ်းမြို့ နားဇရက်မူကြိုကျောင်း၏ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
May 21,2022
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ နားဇရက်မူကြိုကျောင်း၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက ၎င်းမူကြိုကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
လှည်းကူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင် ရောဂါ ပျောက်ဆေးရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါပျောက်ဆေး ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့မစျေးတွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
May 21,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကိုယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းပန်မြို့နယ်အတွင်း ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်
May 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင်းလမ်းဘေးဝဲ/ယာနှင့် အ.ထ.က ကျောင်းအတွင်းအပြင်တို့တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းခြင်းတို့ကို ယနေ့ နံနက် ၇ နာရီအချိန်ကစတင်၍ မိုင်းပန်တပ်နယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၈၆၆ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
May 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၆၆) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၄ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြို့နယ်အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။