သတင်းများ

ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်
May 21,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလ(၂၁) ရက်နေ့က ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ကျောင်းအပ်လက်ခံနိုင်ရေးများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ကျောင်းတွင်းနှင့် ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၉)ကျောင်း တို့တွင်ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်း မက်မန်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ
May 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းသော်ဝင်းသည် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့ညနေ ၅ နာခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ  ကျင်းပ
May 21,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့သည်။
ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမိသားစုမှ ဆန်အိတ်များလှူဒါန်း
May 21,2022
သံဃာတော်များ မိုးတွင်းကာလတွင် ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဉီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ ရေဉီးမြို့ မဟာဓမ္မာရုံကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောက်တော်မြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
May 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
ပေါက်ခေါင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲပြုလုပ်
May 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 21,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေနိုင်ရန် အဆိုပါ ကျောင်းဝန်းအတွင်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား သီပေါတွင် ကျင်းပ
May 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှသဘာဝ ဘေးအန္တရာယ်များလျော့ပါးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ခံစားရရှိစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြို့ဟောင်းကျေးရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဝင်းအတွင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။