ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ  မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ မျှတမှန်ကန်လာစေရန်နှင့် လူမှုစီးပွားရေးကို အထောက်အကူပြုသော ဂေဟစနစ်ဖြစ်လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ()နာရီခွဲအချိန်က ဖျာပုံမြို့ အမှတ် ()ရပ်ကွက်၊ အထက()ကျောင်းဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပရာတွင် ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ပျိုးပင်များအား တာဝန်ရှိသူများထံပေးအပ်ပြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အထက () ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကျွန်းပင်(၂၀)၊ မဟော်ဂနီပင် (၃၀)၊ မာလာလူးကားပင် (၃၀)၊ မန်ဂျန်းရှား (၄၂၀)ပင်တို့အား စုပေါင်းပါဝင်စိုက်ပျိုးကြသည်။

ဖျာပုံခရိုင်တွင် ၂၀၂၂ ခုနှစ်အတွင်း လူထုဖြန့်ပျိုးပင်များကို ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ပျိုးပင်ပေါင်း ()သိန်း၊ ဖျာပုံမြို့နယ် ဒီရေတောနိုင်ငံပိုင်စိုက်ခင်းဧက (၄၀၀)တွင် ပျိုးပင်ပေါင်း (၄၈၄၀၀၀)ပင်နှင့် ကျေးလက်ထင်းစိုက်ခင်း ဧက(၂၀၀)တွင် ပျိုးပင်ပေါင်း (၂၄၂၀၀၀)နှင့် ဒေးဒရဲမြို့နယ်တွင် ကမ်းတက်ဒီရေတော စိုက်ခင်း ()ဧကတွင် ပျိုးပင်ပေါင်း (၁၄၀၀၀၀)၊ ဖျာပုံခရိုင်အတွင်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်တို့တွင် ၂၀၂၂ ခုနှစ်အတွင်း လူထုဖြန့်ပျိုးပင်နှင့် နိုင်ငံပိုင်စိုက်ခင်းများတွင် စိုက်ပျိုးမည့်ပျိုးပင်စုစုပေါင်း (၉၆၆၀၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနရုံး တာဝန်ရှိသူထံမှ သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)