ရေဖြူ မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade(8)သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့၊ ကျောင်းခန်းမဆောင်၌ ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရေဖြူမြို့နယ်ပညာရေးမှူး ဦးမောင်ညိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းနည်းပြများနှင့်သင်တန်းကြီးကြပ်အဖွဲ့များ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ်(Grade–8) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းအုပ်သင်တန်းနည်းပြ (၁၃) ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသားအခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမ(၁၈၀) ဦး တက်ရောက်သင်ယူလျက်ရှိပြီး မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခတ္တာ(ရေဖြူ)