ကမမောင်းမြို့တွင်ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးစေရန်အတွက်အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

ကမမောင်း မေ ၁၇

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမ‌မောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ)ဒေါ်တင်တင်လှက အားကစားလှုပ်ရှားမှုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင်အိမ်ဆောက်ပြိုင်ပွဲနှင့်စာလုံးစီပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ   ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)