သတင်းများ

မလှိုင်မြို့နယ်တွင် (၁၀၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် (၁၀၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် အောင်ပွဲအထိမ်းအမှတ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်မှစတင်၍  အဆိုပါဘုရားကြီး၏ မြောက်ဘက် အာရုံခံတန်ဆောင်းအတွင်း၌  ကျင်းပခဲ့ကြောင်းသိရသည်။  
သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ( Talk Show )ဆောင်ရွက်
May 17,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ(၁၇)ရက် နေ့ နံနက်(၈)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ကျင်းပပြုလုပ်ကြောင်း သိရသည်။   
ကဝမြို့နယ်တွင် မြို့နယ်အဆင့် Grade-8 (သင်ရိုးသစ်)သင်တန်းဖွင့်ပွဲကျင်းပ
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့တွင် ပန်းကြယ်သီးထိုးနည်း လက်မှု့ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး
May 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး လက်မှု့ပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီး ထိုးနည်းသင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
ဒေးဒရဲမြို့၌ Grade- 8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ (Grade-8) သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းသို့ ဆရာဆရာမ ၃၃၃ ဦး တက်ရောက်
May 17,2022
ကလေးများအားလုံး သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားရန်နှင့် ဆရာဆရာမများအားလုံး သင်ကြားမှုအရည်အသွေးများ ဖွံ့ဖြိုးတိုး တက်မြင့်မားလာရန် ရည်ရွယ်ပြီး Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဆရာ ဆရာမ ၃၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
May 17,2022
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၃နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ
May 17,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။