မိုးညိုမြို့နယ်တွင် စာရေးဆရာ လူထုစိန်ဝင်း၏ " မျှော်လင့်ချက်မဲ့အခြေနေဆိုတာမရှိဘူး " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုးညို မေ ၁၇

သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် " မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး " စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းကစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊  အသိပညာဗဟုသုတများကို တဆင့်ပြန်လည်မျှဝေပေးနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက စဉ်းစားတတ်အောင်ပညာသင်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးကျော်မြင့်က လူငယ်နဲ့ယုံကြည်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်အသိပညာပေးဆောင်းပါးများကိုဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများနှင့်တက်ရောက်လာသောလူငယ်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ကိုမင်း (ပြန်/ဆက်)