သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

သုံးခွ မေ ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဟေမဇလာကျေးရွာနေတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုးစပါးထုတ်‌ချေး‌ငွေထုတ်ချေးပေးရာတွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်‌ချေးငွေများအကျေပေးဆပ်ပြီးသည့်‌ တောင်သူများအား ထုတ်‌ချေးပေးခြင်းဖြစ်ပြီး တစ်ဧကကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူများအားထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကထုတ်ချေးပေးသည့်‌ ဟေမဇလာကျေးရွာတောင်သူ(၃၈)ဦးအား (၃၃၂)ဧကအတွက် ကျပ်(၄၉၈)သိန်းကို ထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာငွေကျပ် ၁၀၀/-လျှင် တစ်နှစ်‌ငါးရာခိုင်နှုန်းတိုးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးသိန်းဇော်၀င်းထံမှ သိရသည်။

ချေးငွေများထုတ်ချေးရာတွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်းသိရှိရသည်။

စည်သူလင်း(ပြန်/ဆက်)