မက်မန်း၌ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော (အာဟာရကြက်ဥ)များ ထောက်ပံ့ပေးအပ်

မက်မန်း မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော (အာဟာရကြက်) ထောက်ပံ့ပေးအပ်ပွဲကို ၂၀၂၂ခုနှစ်၊ ယမန်နေ့ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော(အာဟာရကြက်)ထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ် တပ်မှူးဗိုလ်မှူးစိုင်းယီက အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအတွက် ပေးအပ်သည့် (အာဟာရကြက်)များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းမှ လက်ခံရယူပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက်ပေးအပ်သည့် (အာဟာရကြက်)များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်မှ အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော(အာဟာရကြက်)များကို အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ် တပ်မှူးဗိုလ်မှူးစိုင်းယီမှ မက်မန်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ခရိုင်/မြို့နယ် ဝန်ထမ်း(၃၆၀)ဦးတို့အတွက် (အာဟာရကြက်) (၁၄၄၀)လုံးပေးအပ်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)