သတင်းများ

ဟင်္သာတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ
May 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်
May 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးများကာယစွမ်းရည်များ မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်‌ပေးခဲ့ကြောင်း သိရှိရသည်။
ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်းဘုတ်ပိုစတာစိုက်ထူ
May 19,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်ဘုတ်ပိုစတာကို အများပြည်သူ ကျောင်းသားမိဘများ သိရှိနိုင်ရန်အတွက် ပေါက်တောမြို့ အ.ထ.က  ကျောင်းရှေ့ လမ်းဆုံတွင် ယနေ့နံနက် (၉:၀၀ ) နာရီက စိုက်ထူသည်။
ကျိုက်လတ်၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ်စိုက်ထူ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အခြေခံပညာဦးစီးဌာနက ဦးဆောင်၍ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က (၁၁)လမ်းနှင့် ဦးပြုံးချိုလမ်းမကြီးထိပ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် Myanmar Fitness Dance သင်တန်းဖွင့်လှစ်ပို့ချ
May 19,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မြို့နယ်ပညာရေးဌာန ဒုတိယဦးစီးမှူး(ကာယ) ဒေါ်သန္တာဦးမှ ကြီးမှူးဖွင့်လှစ်သော Myanmar Fitness Dance သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ မီနီဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့သည့် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ မီနီဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့သည့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ဇီးဖြူကွင်း အခြေခံပညာ အထက်တန်းကျောင်း၊ ခတ္တာအစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။