၂၀၂၂-၂၀၂၃ မီနီဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့သည့် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်

သာပေါင်း မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ မီနီဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့သည့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ဇီးဖြူကွင်း အခြေခံပညာ အထက်တန်းကျောင်း၊ ခတ္တာအစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စော၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြအောင်နှင့် ရပ်မိရပ်ဖများ၊ ကျေးလက်နေပြည်သူတို့က ၂၀၂၂-၂၀၂၃ မီနီဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့သည့် ဇီးဖြူကွင်း အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် (၁၄၀'×၃၀'×၂၁')၊ (၃၀'×၃၀')စာသင်ခန်း (၈)ခန်းပါ ဖွင့်ပွဲပြုလုပ်နိုင်ရေးအတွက် ဂဏ္ဍအလိုက် လုပ်ငန်းပြင်ဆင်ထားရှိချက် အစီအမံတင်ပြချက်များ၊ ဆောင်ရွက်ရန်ကိစ္စရပ်တို့ကို ပေါင်းစပ်ဆွေးနွေး ညှိနှိုင်းတိုင်ပင် ပြင်ဆင်နေကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)