ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသား၊ ကျောင်းသူများအား ကာယစွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်

ကမမောင်း မေ ၁၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးများကာယစွမ်းရည်များ မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲကို ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဒေါ်နန်းခင်ခင်ထွန်းက ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားပြီး ကလေးများအတွက် ကာယစွမ်းရည်ပြိင်ပွဲများဖြစ်သည့် ဖားခုန်ကစားနည်း၊ ရေကွင်းလက်ဆင့်ကမ်းကစားနည်း၊ ခုံလုကစားနည်းနှင့် ဘောလုံး ကောက်ကစားနည်းများ ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်လှ (ကမမောင်းပြန်/ဆက်)