နမ့်ဆန် မေ ၁၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မြို့နယ်ပညာရေးဌာန ဒုတိယဦးစီးမှူး(ကာယ) ဒေါ်သန္တာဦးမှ ကြီးမှူးဖွင့်လှစ်သော Myanmar Fitness Dance သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းသူများအနေဖြင့် ကျန်းမာရေးအတွက် အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စား တတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့သည်။ ကာယသင်တန်းနည်းပြက စနစ်တကျသင်ကြားပို့ချပေးပြီး သင်တန်းသူများကလည်း စိတ်ဝင်တစား လိုက်ပါလေ့ကျင့် သင်ယူနေကြောင်း သိရသည်။
အဆိုပါ Myanmar Fitness Dance သင်တန်းကို မေလ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချ မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)