ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်းဘုတ်ပိုစတာစိုက်ထူ

ပေါက်တော မေ ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်ဘုတ်ပိုစတာကို အများပြည်သူ ကျောင်းသားမိဘများ သိရှိနိုင်ရန်အတွက် ပေါက်တောမြို့ အ.ထ.က  ကျောင်းရှေ့ လမ်းဆုံတွင် ယနေ့နံနက် (၉:၀၀ ) နာရီက စိုက်ထူသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယပညာရေးမှူးတို့ တက်ရောက်စိုက်ထူခဲ့ကြသည်။ ဆိုင်းဘုတ်ပိုစတာတွင် ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့‌" ရေးသားထားပြီး ကျောင်းအပ်နှံလက်ခံခြင်းကို  မေလ-(၂၆)ရက်နေ့မှ ဇွန်လ-(၁)ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်