မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံဂီတာတီးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မန္တလေး မေ ၁၉

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ အခြေခံဂစ်တာတီးနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြီး သင်တန်းနည်းပြ ဦးမြင့်မောင်မောင်က ဂီတာကြိုးညှိနည်း၊ လက်ရွေ့နည်း၊ လက်ခတ်ဖြင့် တီးခြင်း၊ လက်ခတ်မပါဘဲတီးခြင်း၊ ဂီတသံစဉ်အကြောင်း၊ ကြိုးပြတ်သွားပါက ကြိုးဆက်နည်း၊ Key Chane တီးခတ်ခြင်းအကြောင်း၊ ဂီတာတီးခတ်ရာတွင် Lead Rhythm Bass တို့အကြောင်း၊ လေ့ကျင့်ရာတွင် ကြိုးညှိရမည့်အကြောင်း စသည့်အချက်များကို စတင်ဆွေးနွေးပို့ချပါသည်။

အဆိုပါသင်တန်းအား အပတ်စဉ် ကြာသပတေး၊ သောကြာနေ့များတွင် () ပတ်ကြာပို့ချသွားမည်ဖြစ်ပြီး တက်ရောက်သည့် သင်တန်း သား၊ သင်တန်းသား (၁၂) ဦး တက်ရောက်ကြောင်းသိရသည်။

မန္တလေးခရိုင် (ပြန်/ဆက်)