မြင်းမူ မေ ၁၉
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြည်သူလူထုအနေဖြင့် သစ်ပင်များအခမဲ့ရယူ စိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ သစ်တောဦးစီးဌာနရှိ မြို့မပျိူးဥယာဉ်တွင် ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်များ စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ ယခုနှစ် မိုးရာသီတွင် ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း (၃၃၀၀၀)ကို စိုက်ပျိုးထားရှိကြောင်း၊ ယခုလ (၁၅)ရက်မှစတင်ကာ ဖြန့်ချိပေးလျက်ရှိကြောင်း၊ မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်မိုးဦးကျကာလ ဖြစ်သည့် မေလနှင့် ဇွန်လများတွင် ပျိုးပင်များအား ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းနှင့် မြို့ပြင်ကားလမ်း ဝဲယာများတွင်လည်း တစ်အုပ်တစ်မ စိုက်ခင်းများအဖြစ် စိုက်ပျိုးပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန သစ်တောအုပ် ဦးမင်းဇော်ဆန်းထံမှ သိရှိရသည်။
ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်ကျေးရွာများရှိ ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးရန်အတွက် ကျွန်း၊ ယူကလစ်၊ တမာ၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ယင်းမာ၊ စိန်ပန်းနှင့် လျှော်ဖြူပင်အပါအဝင် ပျိုးပင်ပေါင်း(၃၃၀၀၀)ကို ပျိုးထောင်ထားရှိပြီး လာမည့် ဇွန်လ(၃၀)ရက်နေ့အထိ မခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)