ကျောက်တန်းမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသအတွင်းစိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၁) သောင်း (၄) ထောင် ပျိုးထောင် ထားရှိ

ကျောက်တန်း မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၁) သောင်း (၄) ထောင် ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်း စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ပျိုးပင်များ ပျိုးထောင်ထားရာမှာ “ကျွန်တော်တို့ဌာနအနေနဲ့ဒေသတွင်း စိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတုကောင်းမွန် မျှတစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန်အတွက် ကျွန်းပင် (၂၀၀၀)၊ မန်ဂျန်ရှားပင် (၇၀၀၀)၊ မဟော်ဂနီ (၃၀၀၀) ထောင်၊ ပျဉ်းမ (၂၀၀၀)၊ စုစုပေါင်းပျိုးပင်အမျိုးအစား (၄) မျိုး၊ ပျိုးပင်အရေအတွက် (၁) သောင်း (၄) ထောင် ပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း” မြို့နယ်သစ်တောဦးစီးဌာန မြို့မဘိနယ်တောအုပ် ဦးလှမိုးထံမှ သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အပြင် ဘန့်ဘွေးကုန်း သစ်တောကြိုဝိုင်းအတွင်း မြေဧက (၅၅၃) ဧက တွင်  စိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်