မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် (၄)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မအူပင် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် (၄)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီအချိန်က မအူပင်ခရိုင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မအူပင်၊ ညောင်တုန်းမြို့နယ်များများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲ၏ ပွဲစဉ်အဖြစ် မအူပင်မြို့နယ် ဘောလုံးအသင်းနှင့် ညောင်တုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အချိန်ပိုကစားပြီးချိန်တွင် မအူပင်မြို့နယ်အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၄)မြို့နယ် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် (၄)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများအား ဆုငွေ ၂၀၀၀၀ စီဖြင့် တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် ဒုတိယဆုရရှိသည့် ညောင်တုန်းမြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်မှ ဆုဆွဲပြားနှင့် ငွေသား ၂၀၀၀၀၀ိ/- ၊ ပထမဆုရရှိသည့် မအူပင်မြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ ဆုဆွဲပြားနှင့်ငွေသား ၃၀၀၀၀၀ိ/- အပါဝင် ဂုဏ်ပြုဆုဖလားအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)