မဘိမ်း မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိန်လင်းက ဂရန်အင်းနှင့်တင်ဒါ ငါးဖမ်းကွက်များအား စနစ်တကျလုပ်ကိုင်နိုင်ရေးအတွက် အင်းနှင့်တင်ဒါစည်းကမ်းချက်များကို တက်ရောက်လာကြသည့် ပြည်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အင်း(၄)လုံးနှင့် တင်ဒါ(၄)ချက်အား လေလံတင်ရောင်းချခဲ့ရာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၅ သိန်း ၈ သောင်း ၅ ထောင် ရရှိခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့် မြို့နယ် လေလံကြီးကြပ်ကော်မတီဝင်များ၊ အင်းနှင့်တင်ဒါငါးဖမ်းကွက်များ လေလံဆွဲမည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)