လှိုင်းဘွဲ မေ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးရာတွင် စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများက လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်/သံဃာတော်(၁၀)ပါးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးခဲ့ပြီး မြို့မကျောင်း ဆရာတော် ဥူးဝိသုဒ္ဓါစာရအား ဖူးမျှော်ကြည်ညိုကာ ဆရာတော်/သံဃာတော်များအတွက် ဆွမ်းဆန်၊ ဆီ၊ ကြက်ဥ၊ ခြံထွက်သီးနှံများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)