စဉ့်ကူး မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ဖို့အချိန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့်ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့်အသိအမြင်များ တိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်။
ထို့နောက် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ဖို့အချိန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းတင့်က “အောင်မြင်ဖို့အချိန်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေဝါသနာရှင် ဦးအောင်ရဲစိုးက “မူဝါဒနှင့် တန်ဖိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာဖတ်ပရိသတ်တစ်ဦးဖြစ်သူ ဒေါ်သူဇာက “သုတ ရသ မျှဝေနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)