သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 19,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက ကဘဲ့ရပ်ကွက်တွင် စိုက်ထူခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်တင် အခမ်းအနား
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က အ.ထ.က ပန်းတောင်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်
May 19,2022
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း/ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံးများမှ ဆရာကြီး/ဆရာမကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ငါန်းဇွန်မြို့၌ “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ
May 19,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) ပြုလုပ်
May 19,2022
ကျိုက်ထိုမြို့နယ် ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉ နာရီတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်
May 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာ ဆိုင်းဘုတ် စိုက်ထူပွဲနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းကျောင်းသား၊ ကျောင်းသူများအားကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် နယ်လှည့် မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။