ရေဖြူ မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် ၈ နာရီ အချိန်က ရေဖြူမြို့နယ် ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူကြောင်း သိရသည်။
ထိုသို့စိုက်ထူရာတွင် ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှနောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် ဆရာ၊ ဆရာများက ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗွီနိုင်း ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။
ရေဖြူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သတင်းပတ်ဖြင့် ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)