သတင်းများ

ပြည်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး ဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာနမှူးနှင့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ယနေ့နံနက် ၇ နာရီက မြို့ပေါ်ရှိ ရွှေဥဒေါင်းရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၄) နှစ် သင်ပညာရေးဘွဲ့ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
May 20,2022
ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်သစ္စာလမ်းရှိ ရန်ကင်းပညာရေး ဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၄) နှစ်သင် ပညာရေးဘွဲ့ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ ၁၀ အချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းဆောင်ရွက်
May 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ​ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယမန်နေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
တောင်ငူတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
May 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တောင်ငူတက္ကသိုလ်တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပသည်။
တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း ဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း၊ ပုံမှန်ရောင်ချခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်း ရှိ /မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​ ကျောင်းပြင်ပ မှုလတန်းပညာ​ရေးအကြို လုပ်ငန်းညှိနိူင်း​ဆွေး​နွေးပွဲ ကျင်းပ
May 20,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်၊ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနတို့ပူးပေါင်း၍ အ.ထ.က (၁) ကမာရွတ်တွင် ယမန်နေ့ နံနက် (၉:၃၀) နာရီ မှ (၁၆) နာရီအထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။