တောင်ငူ မေ ၂၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တောင်ငူတက္ကသိုလ်တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနား၌ တောင်ငူတက္ကသိုလ်ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဝိဇ္ဇာဘာသာရပ်များကိုယ်စား ဥပဒေပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာဝါဝါထွန်းနှင့် သိပ္ပံဘာသာရပ်များကိုယ်စား သတ္တဗေဒဌာနမှ ဒေါက်တာမြင့်မြင့်တို့က ဘာသာရပ်မိတ်ဆက်စကားများ ပြောကြားသည်။
ထို့နောက် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ်