တောင်ငူ မေ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယမန်နေ့ နံနက်ပိုင်းက စာအုပ်များငှားရမ်း ပေးလျက်ရှိသည်။
ထိုသို့ ငှားရမ်းရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနှင့် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ကြီးကြပ်ရေးဦးစီးဌာနတို့တွင် စာအုပ်ငှားရမ်းသူ ၂၂ ဦး စာအုပ်ပေါင်း ၄၃ အုပ်ကို ငှားရမ်းဖတ်ရှုချိန် နှစ်ပတ်ကြာအထိ ဖတ်ရှုနိုင်ရန်ငှားရမ်းပေးပြီး အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျန်ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ နေ့စဉ်နံနက် ၉ နာရီမှစတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်