သတင်းများ

ညောင်ဦးမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိ
May 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စုအင်အား (၃၅)ဦးအား စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ယာဉ်နှင့်လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန် အဆင်သင့်ရှိနေဖို့အတွက် စုဖွဲ့လေ့ကျင်းခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ရှေ့ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရှိရသည်။
သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့နယ်တွင် သန့်ရှင်းသာယာလှပသော  ပတ်ဝန်းကျင်များ ဖြစ်ပေါ်လာစေရန်  စုပေါင်းသန့်ရှင်းရေးကို  အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ   မေ ၂၁ ရက်နံနက် ၇ နာရီက   အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade -11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဆက်လက်ဖွင့်လှစ်
May 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာတတ်မြောက်မှု အဆင့်မြင့်မားစေရန် ပညာရေး ဝန်ကြီးဌာနမှ အခြေခံပညာ မူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲသင်ကြား နိုင်ရေးအတွက် သင်တန်းများ အဆင့်ဆင့် သင်ကြားပို့ချပေးလျက်ရှိရာ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade- 11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈နာရီကမြောက်ဥက္ကလာပမြို့နယ်ဆ)ရပ်ကွက်၊ သုနန္ဒာလမ်းရှိအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ​ မြတ်ခရေခန်းမတွင်ဆက်လက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်
May 21,2022
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေ သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် စသည့် မြန်မာ့ပညာရေး မျှော်မှန်းချက်တွေအတိုင်း ၂၀၂၂-ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ယနေ့နံနက် ပိုင်းအချိန်က တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင်  သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် Grade -11(စနစ်သစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် GRADE-11  (စနစ်သစ်) သင်တန်းပါ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ များ၏ basic concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်နှင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၏ ဖွဲ့စည်းပုံနှင့်အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က GRADE-11(စနစ်သစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့ ရွှေသိမ်တော် ကျောင်းတိုက်အတွင်း မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲ အချိန်က ချောင်းဦးမြို့ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်ရှိ ရွှေသိမ်တော် ကျောင်းတိုက်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက်ဋ္ဌာန ဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ အမှိုက်Campaingပြုလုပ်
May 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှိယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် အဆင့်ဋ္ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က အလယ်ဈေးရပ်ကွက် သကျမာရဇ်အောင် စေတီတော်ကြီး ဘေးပတ်လည်တွင်အမှိုက် Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။