ရန်ကင်း မေ ၂၀
ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်သစ္စာလမ်းရှိ ရန်ကင်းပညာရေး ဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၄) နှစ်သင် ပညာရေးဘွဲ့ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ ၁၀ အချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၄) နှစ်သင် ပညာရေးဘွဲ့ ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအားပညာရေးနှင့် ပတ်သက်၍ထူးချွန်စွာ ကြိုးစားကြသည့်အတွက် အားကျဂုဏ်ယူမိပါကြောင်း၊ ကြိုဆိုပါကြောင်း၊ အခက်အခဲတွေကြားက ကြိုးစားခဲ့ကြတဲ့အတွက် အားပေးပါကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ လူမှုရေးရာ ဝန်ကြီးဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစေဂျက်ကော့ထူးမှ အလှူငွေကျပ် (၅၀၀၀၀၀) သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကောင်းအုပ်ဆရာကြီး ဆရာ ဦးအောင်မြတ်စိုးက အလှူငွေအား လက်ခံခဲ့ကြောင်း သတင်းရသည်။
အိရွှေစင် (ပြန်/ဆက်)