သတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ကော့သောင်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြန်/ဆက်ဝန်ထမ်းများအား တွေ့ဆုံမှာကြား
May 19,2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည့် မေလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုံခြုံရေးဂရုစိုက်ရန်၊ ထုတ်လွှင့်မှုမပြတ်တောက်ရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ကျိုက်မရော၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်
May 19,2022
မိုးတွင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသော လေပြင်းမုန်တိုင်းအန္တရာယ် ရေကြီးရေလျံခြင်း အန္တရာယ်များဖြစ်ပေါ်လာပါက ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိစေရန်အတွက် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လည် ၁ နာရီက ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ်
May 19,2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်
May 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ် ဆရာ၊ ဆရာမများမှ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ စတင်ဖွင့်လှစ်ခဲ့သည်။
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာ
May 19,2022
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်ရေးလုပ်ငန်းစဉ်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုကြောင့် ၂၀၂ဝ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့မှစတင်ပြီး ၂ နှစ်ကျော်ရပ်နားထားခဲ့ရာမှ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှစတင် ဆောင်ရွက်နိုင်ခဲ့ရာ ယနေ့နံနက် ၉ နာရီက မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာကြောင်း သိရသည်။
ဘားအံပညာရေးဒီဂရီကောလိပ်၌ ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသားကျောင်းသူများအား ကြိုဆို
May 19,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသား ကျောင်းသူများအားကြိုဆိုသည့် အခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီး၌ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့မှစတင်၍  စနစ်တကျထုတ်ချေးပေးခဲ့‌ကြောင်းသိရသည်။
ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းရှေ့၌ ကျင်းပသည်။