တွံတေး မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း၊ ပုံမှန်ရောင်ချခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်း ရှိ /မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၇ဆိုင်အား ပုံမှန်ရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်စျေးနှုန်းထက် စျေးတင်ရောင်းချခြင်း ရှိ/မရှိ၊ ကွင်းဆင်း စစ်ဆေးခဲ့ရာ Almon နှင့် နေဝင်းထွန်းစက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်မှာ ခေတ္တ ပိတ်သိမ်းထားရှိပြီး ချမ်းမြေ့ဂုဏ်၊ စိန်သဇင် ၊ Boc ရွှေဗျိုင်းဖြူနှင့် ထက်အောင်ကျော် ဆိုင် ၄၅ဆိုင်မှာ အကန့်အသတ်ဖြင့်ရောင်းချမှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
တွံတေးသား