ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်

ဆိပ်ဖြူ မေ ၂၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှင် မြို့နယ်အတွင်းမှ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမတွင် ပြုလုပ်သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်အေးနှင့် မြို့နယ် ပညာရေးမှူး ဦးမြင့်ဦးတို့က ပညာရေးဆိုင်ရာလုပ်ငန်းများ အမှာစကားများ တက်ရောက် ပြောကြားပေးသည်။ ကျောင်းသား၊ ကျောင်းသူများ၏ ပညာခေတ် စိန်ခေါ်မှုများ မြင့်တက်လာသည်နှင့်အမျှ မျိုးဆက်သစ်လူငယ်များ ပညာ၏ တန်ဖိုးမြင့်မားတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက ပညာရေးမဟာဗျူဟာများချမှတ်၍ ( KG + 12 ) ကလေးသူငယ်ဗဟိုပြု ပညာရေးစနစ်ဖြင့် အခြေခံပညာကျောင်းသား/ကျောင်းသူများအား သင်ကြားပေးလျက်ရှိရာပြီး ကျောင်သား/ကျောင်းသူများ သင်ကြားမှုသင်ယူမှု ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေးအတွက် သင်ကြားပြသပေးသည့် ဆရာ/ဆရာများ၏ အခန်းကဏ္ဍသည်အဓိက အရေးပါသည့်အတွက်  ယခုနှစ် နွေရာသီကာလများတွင် Grade–5၊ Grade–8  အတန်းများအတွက် ဆရာ/ဆရာမများအား မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး Grade–11 သင်တန်းကို မေလနောက်ဆုံးပတ် အတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သလို၊ ကျောင်းအုပ်ဆရာကြီး /ဆရာမကြီးများ အနေဖြင့်လည်း ကျောင်းတွင်း/ကျောင်းပြင်ပ ဆက်ဆံရေးပညာရပ်နှင့် စီမံခန့်ခွဲရေးစွမ်းဆောင်ရည် ပညာရပ်များ မြင့်မားရေးအတွက် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်ပညာရေးဌာနတို့၏ လမ်းညွှန်ပို့ချချက်များဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကိုမေလ (၁၉)ရက်နေ့မှ (၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ( ၁၃၉ ) ဦး တက်ရောက်ခဲ့ပြီး၊ ဦးဆောင်ဆွေးနွေးသူများအဖြစ် မြို့နယ်ပညာရေးမှူးနှင့် အထက်ကျောင်းအုပ်ဆရာကြီးနှစ်ဦးတို့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)