မိုးမောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့သစ်တောဦးစီးဌာနအနေဖြင့် သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းအားဖြင့် သဘာဝပတ်၀န်းကျင် စိမ်းလန်းစိုပြေစေရန်၊ ဂေဟာစနစ်ပြောင်းလဲမှုလျော့ပါးသက်သာစေရန် ရည်ရွယ်ချက်များဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကိုမေလ ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မိုးမောက်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ (ပျဉ်းကတိုး၊မဟော်ဂနီ၊ ယမနေ ၊ငါးပေါက် ) ပျိုးပင် စုစုပေါင်း အပင်ရေ (၂၀၀) ခန့်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။