ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​ ကျောင်းပြင်ပ မှုလတန်းပညာ​ရေးအကြို လုပ်ငန်းညှိနိူင်း​ဆွေး​နွေးပွဲ ကျင်းပ

ကမာရွတ် မေ ၂၀

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်၊ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊  ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနတို့ပူးပေါင်း၍ အ.ထ.က (၁) ကမာရွတ်တွင် ယမန်နေ့  နံနက် (၉:၃၀) နာရီ မှ (၁၆) နာရီအထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။        

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ အခြေခံပညာဦးစီးဌာနမှ ရန်ကုန်တိုင်းပညာရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ပညာရှင်များ၊ ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းဆောင်ရွက် နေသော မြို့နယ်ပညာရေးမှူးများ၊ တိုင်းဒေသနှင့် ပြည်နယ်ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ကြီးကြပ်ရေးမှူးများ စုစုပေါင်းဦးရေ (၁၄၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)