ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြ
May 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာဝင်းအတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်သီးခြားတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုပေါင်းကာသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။